Saturday, May 16, 2015

ပျူ လက်ကျန်ရှင်းတမ်းထုတ်ကြစို့






 *************************

ပုံဂံရာဇဝင်ဟောင်းက
အပိုင်းအစတွေ ဆွဲထုတ်
ကျုပ် အလုပ်တစ်ခုလုပ်ခဲ့တယ်။
"တစ်သောင်းခြောက်ထောင်၊ ရွှေနန်းဘောင်၌
ဥသျှောင်ကေရှင်၊ ထုံးကယဉ်နှင့်
ဆံပင်မြိတ်လွတ်၊ ရွှေခြေကွပ်သည်
ပိတ်လျှပ်ဖြူထွား၊ ဝတ်ဆင်ငြားလျက်
ဆင်းစံနတ်တူ၊ မိန်ဥာဏ်ဖြူသည်
ချစ်သူဇနီး ပျူလှတစ်ပါး"
(ပုဂံရာဇဝင်ဟောင်းမှ)
* အေဒီ ၁၀၇ မှ ၁၅၂
မဟာသမုဒ္ဒရာဇ်
ရွှေနန်းအရှင်
မြင်မြင်ချင်းတော်ကောက်
ပျူကလျာ 'စန္ဒာ'
မိဖုရားဘဝရောက်ခဲ့ပေမယ့်
သမုဒ္ဒရာဇ်ကို 'စန္ဒာ' ချစ်ပါ့မလားလေ။
* ချစ်လော၊မချစ်လော
မစောကြောလို
ပျူကလျာ အလှ နတ်တမျှ
အလှဘုရင်ထိပ်ခေါင်
ရှင်ဘုရင်အကြိုက် ဆောင်လိမ့်မပေါ့။
* ပျူကလျာ စန္ဒာဒေဝီမှာ
ပန်းပဲအရာပြိုင်ဘက်ကင်းတဲ့
ငစိန့် ဆိုတဲ့ မောင်တော်အရင်းရှိလေသတဲ့။
* တစ်နေ့...ငစိန့်က
ယောက်ဖတော် ရှင်ဘုရင်ထံ
ဓားတစ်လက်ဆက်သ
ရွှေနန်းအရှင် ဓားအမြင်မှာ ဟန်မရလို့
ငစိန့် ဓါးအစွမ်းပြခဲ့ပေမဲ့
နန်းရင် ပြင်တံခါးမှူးကြောင့်
ရှင်ဘုရင် အမျက်စူးလို့
ပန်းပဲငစိန့် မင်းဒဏ်သင့်အမိန့်ကျရပြီ။
* ဘုရင့်မဟေသီ
စန္ဒာဒေဝီ မိဖုရား
ဘုရင့်မယားဘဝထက်
မောင့်တော်ပြစ်ဒဏ်နဲ့အတူ
ပျူဆွေမျိုးတစ်သိုက်
ဘုရင်မသိခိုက်မှာ
ဝေးရာ...ဝေးရာသို့ထွက်ခွာ။
* ပုဂံပြည်နဲ့ အလှမ်းကြီးကွာဝေးတဲ့
ပခန်းသံဖိုတောင်ကြီးကတစ်ဆင့်
တောင်အထပ်ထပ် တောအသွယ်သွယ်
ယောနယ်ဒေသသို့ ဦးတည်ပြေးရပြန်ပြီ။
* စန္ဒာကလျာ
တောတောင်ကိုကျော်ဖြတ်
ချောင်းမြောင်းကို ကူးခတ်
တရစပ်မနား မောပန်းအားကြီးလွန်းလို့
မိန်းမသားအားလုံး ရင်မှာတဘက်ထုံးနှောင်
သက်လုံခိုင်အောင် အပြုံးမပျက် ဆက်လက်
ချီတက်။
* ရှင်ဘုရင်အမျက် တပ်ထွက်ရှာခိုင်း
လိုက်တိုင်းမမီ ကလျာ ရှာမတွေ့
ရှင်ဘုရင် ဘယ်ကြည်မွေ့နိုင်မလားလေ။
* အို....
ပျူစန္ဒာ မိဖုရားငယ်
နန်းရင်ပြင်ထက်
တောကိုတက်၊ တောင်ကိုကျော်
ပုန်းကွယ်၊ လျှိုးဝှက်
ဘုရင့်အချစ်ထက်
ဘာကိုများ ချစ်လေမလားလေ။
* ယောနယ်က တောင်တန်း
အတက်က ကြမ်းသနဲ့
ယဲ့ယဲ့ကာ နွမ်းဟိုက်
တောင်အဝိုက်မှာပုန်းကွယ်
အသွယ်သွယ်စမ်းချောင်း
ကျေးငှက်အပေါင်းရဲ့အသံ
စန္ဒာ့ရင်ခုန်သံကလွဲပြီး
ဘာဆိုဘာမှ....။
* ပုန်းတောင်ထိုမှ
စခန်းချ 'တန့်တည်း'
ကျင်းတူးပြီးခိုအောင်း
နေရာသစ်ကိုပြောင်းဖို့စီမံ
အကြံရှာတော့-
ညာသံပေးကာတက်ကြအုံးစို့တဲ့။
‪#‎မှတ်ချက်‬
- ပုန်းကာတက်ရသည့်တောင်ကို ပုန်းတောင်မှ ယခုပုံတောင်ဟုခေါ်ကြသည်။
- ညာသံပေးပြီးတက်ရသည့်တောင်ကို ပုန်းညာတောင်မှ ယခု ပုံညာတောင်ဟုခေါ်ကြသည်။
- ပုံတောင်၏အနောက်ဘက် စခန်းချ တန့်တည်းရာနေရာသည် ယခု တန့်တည်းရွာအဖြစ် ထီးလင်းမြို့နယ်မှာတည်ရှိပါသည်။
- ကျင်းတူးခိုအောင်းသည့်နေရာသည် ယခု ထီလင်းမြို့နယ်၊ ကျင်းရွာအဖြစ်တည်ရှိနေပါသည်။
* တက်ရပြန်ပြီတစ်ခါ
ပုန်းညာတောင်ထိပ်
တိမ်လိပ်တွေက ဆိုင်းဆိုင်း
မြူအမှိုင်းမှိုင်းမှာ
ကလျာ ဘယ်လောက် မောရှာနေမလားလေ။
* ပုံတောင်၊ ပုံညာမှ သက်ဆင်း
သက်ပြင်းကိုယ်စီချနိုင်ကြ
မင်းဒဏ်က လွတ်ရေး
ကြံဆအတွေးမှာ
အသံပြောင်း၊စကားပြောင်း
အသွင်ပြောင်းအသစ်ဖြင့်
တောင်သားလူမျိုးအဖြစ်ခံယူ
ပျူတဖြစ်လဲ တောင်သားပါပဲ။
* သြော်....
ကာလတွေရွေ့လျား
ပျူကလျာစန္ဒာ မျိုးဆက်များ
ရှိမှရှိပါအုံးမလား
စန္ဒကိုယ်ပွား ထားမှ ထားခဲ့ပါဦးမလား။
* တစ်ချိန်က....
စန္ဒာဒေဝီ ပြေးလွှားခဲ့ပုံရိပ်
စန္ဒာ့အပါး၊ စန္ဒာ့အနားမှာ
ဖေးကူယုယ တစ်ဦးတစ်ယောက်မျှ
ရှိပါလေစနော်။
* စန္ဒာကလျာအနား
မောင်ဘုရားတစ်ယောက်မရှိ
စန္ဒာသတ္တိကို ဘဝအရှိနဲ့
ကြည့်မိပါ၏။
* ပုဂံရဲ့ပဏ္ဏာ
မဏိစန္ဒာအပါး
ကျန်စစ်သားက လှံထမ်းစောင့်ရှောက်
နှလုံးသားထမ်းစောင့်ရှောက်
အသက်နဲ့လဲ စောင့်ရှောက်....စောင့်ရှောက်။
* စန္ဒာဒေဝီနဲ့ မဏိစန္ဒာ
စန္ဒာချင်း တူပေမယ့်
ဘဝချင်း ခြားနား အလှချင်း ခြားနား
နှလုံးသားချင်း ခြားနား
* တစ်ကယ်တော့....
အေဒီတစ်ရာစုက ကိုးရာစုအတွင်း
ပျူခေတ် အဆက်ဆက်
ပျူလူမျိုးတွေဖြန့်ကျက်ခဲ့ရာ
ပျူနွယ်ဆက် နှစ်ဆယ့်တစ်ရာစုလူသား
ဘယ်နေရာမှာ ပျူလက်ကျန်များ ရှိဦးမလားဘဲ။
* ယောနယ်ရောက်
ပျူအလှစန္ဒာ
ပျူ စာမျက်နှာသစ်ဖွင့်လှစ်
ကျစ်လစ်စွာ ဖွဲ့စည်းခဲ့တဲ့တောင်သား
ပျူအဆက်အနွယ်လားတဲ့။
* နှစ်ဆယ့်တစ်ရာစု ယောနယ်ကတောင်သား
ပျူအဆက်အနွယ်လားတဲ့။
* နှစ်ဆယ့်တစ်ရာစု ယောနယ်ကတောင်သား
ပျူ မျိုးဆက်ဖွား ဟုတ်၊ မဟုတ်
စစ်တမ်းထုတ်ကြည့်စို့ရဲ့။
* ပျူအစစ်လူသားအရိုးစု DNA တစ်ခု
ယခုယောနယ်က တောင်သားလူမျိုး DNA
တစ်ခု
စမ်းသပ်တိုင်းတာမှု ပြုလိုက်ပါလျှင်
ရရှိအဖြေ DNA သည်
ဘာလော...ညာလော တွေးတောစရာများ
ရှိဦးမလားလေ။
* ဟော...
ပျူအမေ (အီး) က
သားငယ်ကိုပြောဖူးတယ်
မင်းပတ်ပါး (အဘိုး) က
ဟိုး ပုပ္ပားအရပ်မှာ ကျန်ခဲ့တယ်။
* တို့အမေ မင့်အဘွား (အပေါင်) က
အုန်းတွဲရွာအနား ပေါင်မင်းတောင်
(အဘွားတောင်) မှာ ရှိနေလေရဲ့။

* ပျူကလျာ စန္ဒာရဲ့အလှ
ယောနယ်က တောင်သားသူအလှ
တစ်ထပ်တည်းကျ၊ မကျ
သက်သေပြရရင်
'ပီဏ ဂဏ၊ ပီဏ ဝဒန
ပီဏ ထန၊ ပီဏ ဥရု
ပီဏ ဇယန' ဟု
သျှတ္တရ ပါဠိတော်လာ
မိန်းမလှအင်္ဂါရပ်ငါးပါးနှင့်ပြည့်စုံ
နတ်မိမယ်ပုံသို့အလား
တောင်သားတွေ ပျူ ဟုတ်၊ မဟုတ်
ပျူလက်ကျန်ရှင်းတမ်းထုတ်ကြည့်ကြစို့။
တီ-တီ-အေ(ခေတ္တယောမြေ)
#မှတ်ချက်
- တောင်သားစကားဖြင့် အဘိုးကို ပတ်ပါးဟုခေါ်ဆိုကြပါသည်။
- ပုပ္ပါးတောင်ကို (အဘိုးတောင်)ဟု လက်ခံကြပါသည်။
- တောင်သားစကားဖြင့် အဘွားကို အပေါင်ဟုခေါ်ဆိုကြပါသည်။ အဘိုးကို အပီး ဟုလည်းခေါ်ဆိုပါသည်။
- ပေါင်မင်းတောင် (အဘွားတောင်) သည်ထီလင်းမြို့နယ် အုန်းတွဲရွာအနီးတွင်ရှိပါသည်။
ယောမဂ္ဂဇင်းမှကူးယူဖော်ပြပါသည်။
----------------------------------------------
photo ပိုင်ရှင်များအား credit ပေးပါသည်။


 
admin- Yaw SiThu Yaw

Friday, January 2, 2015

ကူပ်တို့တွေ အိပ်ပျော်နေကြ အုံးမလား

# ကူပ်တို့တွေ အိပ်ပျော်နေကြ အုံးမလား#
ဒေသတစ်ခုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု့တွေ၊ ကွဲပြားတဲ့ ဘာသာဗေဒ စကားရပ်တွေနဲ့ ကိုယ်ပိုင်ဟန်ပန် နယ်မြေ အသိုက်အ၀န်းနဲ့ နေလာကြတဲ့ ယောသူယောသားတွေ ။သမိုင်းကြောင်း ထင်ထင်ရှားရှား ကောက်လို့ရတဲ့ ပုဂံခေတ်မှသည် ယခုထိ စည်းလုံးမှု့တွေ အားနည်းခဲ့ပြီး တသီးတစ်ခြားစီရပ်တည်လာခဲ့ကြတယ်။မြို့နယ်
လေးခုရှိပြီး တောင်ယော၊မြောက်ယောဆိုပြီး မသိစိတ်တွေကနေ ခွဲခြားခဲ့ကြတယ်။လူမိုးစု တစ်ခုအဖြစ် ရပ်တည်နိုင်ပါလျက်နဲ့ အားလုံးရဲ့ အားနည်းတဲ့ အသိအမြင်တွေ နိမ့်ပါးမှု့ကြောင့် ခေါင်းဆောင် ဆိုတာလဲ
မရှိခဲ့ကြဘူး။ အားကိုးစရာ အမိုးသား ပါတီဆိုလဲမရှိခဲ့ဘူး။အဖွဲ့စည်းတွေကလဲ သာရေး၊နာရေးအဖွဲ့စည်းတွေလောက်ပဲဖြစ်တယ်။ ကူပ်တို့တွေ အားလုံးက အုတ်ရောရော ကျောက်ရောရောတွေ ဖြစ်နေပြီ။မှန်ကန်တဲ့
အမိုးသားရင်ကြားစေ့ပြီး ထုနဲ့ ထည့်နဲ့ နေလိုကြတဲ့ စိတ်တွေ မရှိကြတော့တာလားပဲ။

ယောသားတွေဟာ ဓနအင်အားရှိသူတွေအများစုကလဲ ကိုယ်ကိုးတွေဖက်ပီး လွတ်ရာရှောင်ကြ။ ထက်မြက်တဲ့
ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ သူတွေကလဲ တစ်ထီးတစ်နန်းနဲ့ ခပ်လှမ်းလှမ်းကနေ မဆိုင်သလိုနေကြသဗျ။ကလောင်စွမ်းထက်ပြီး ထက်မြက်တဲ့ ပညာရှင်တွေကလဲ အထိမ်းအကွပ်မရှိလှတဲ့ လူ့အဖွဲ့အစည်းထဲမှာ စနိုးစနောင့်နဲ့ ရှေ့ထွက်လာဖို့ ကြောက်ရွံ့နေကြတယ်။ ကူပ်တို့ လို သာမန် ယောသားတွေကလဲ ခုချိန်ထိ အိပ်ပျော်နေကြတုန်း၊ သောက်လို့ စားလို့ကောင်းတုန်း ။ နောက်ဆုံးတော့ နိုင်ငံချီပြီး စော်ကားခံခဲ့ရ၊
ရှုတ်ချခံခဲ့ရ ၊အထင်သေးခံခဲ့ရ၊အလှိုလှို သွေးနှောခံသွားကြရနဲ့ ခင်ဗျားတို့ ကူပ်တို့တွေ လုံးပါး ပါးပါရော့လား။အနီးစပ်ဆုံး လက်ရှိအဖြစ်ပျက်ကတော့ ခုဖြစ်သွားတဲ့ နိုင်ငံကျော် ရက်စွက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ယောသူလေး အစ်မ တေးနုယဉ်ကိစ္စ ။ မျှတတဲ့ တရားစီရင်ရေးရဖို့ရာ အခွင့်လမ်းနည်းနေတယ်။ ရန်ကုန်လိုမြို့ကြီးထဲမှာ ထီပေါက်တာ မဟုတ်တဲ့ နာရေးလို အဖြစ်ပျက်မှာ ဘယ်အဖွဲ့ စည်းကမှ တရားမျှတမှု့အတွက် ရပ်တည်ပေးသူမရှိဘူး။ဟုတ်ပြီ.....ယောအသင်း (ရန်ကုန်)ကိုလည်း ဆက်သွယ်ခဲ့တယ်။မရေရာတဲ့ အကြောင်းပြချက်နဲ့ဘယ်သူမှ အဖက်မလုပ်ခဲ့ကြဘူး။ကောင်းသေးရဲ့လားဗျာ။ သူဘာကြောင့်ပဲ သေပါစေ ၀န်းရံပေးသင့်တာပေါ့။ ရန်ကုန်မှာ ယောသူယောသားအင်အားစုတွေနဲတာမှ မဟုတ်ပဲ။ မတေးနုနာရေးမှာ တက်ရောက်လာတဲ့ လူက ၁၅ယောက်တောင်မပြည့်ဘူး။ကူပ်တို့တွေ စည်းလုံးမှု့က ဒါပဲလား။
(အနည်းဆုံးတော့ ကြေညာချက်လေးတစ်စောင်တော့ ထုတ်သင့်တာပေါ့....ကိုအောင်မှူးဝေ= စာရေးဆရာ ဂန့်ဂေါနွယ်ဖွား)။
ဟုတ်တယ် သူပြောတာကို ကျနော်လဲ ထောက်ခံတယ်။ ဒီစကားတွေ ပြောလို့ လူအသိုင်းဝိုင်းနဲ့ တဖြည်းဖြည်း ကျနော် ဘေးရောက်သွားနိုင်တာသိတယ်။ ကျနော် မပြောပဲနေဖို့ အများနည်းတူ လက်ရှောင်ဖို့ရာ စိတ်ကူးရှိခဲ့ပေမယ့် ခုတော့ အမုန်းခံပြောပါရစေ။ ကျနော့်ကို မုန်းကြလို့
စွန့်ခွားသွားခဲ့ရင်တောင် ခုပြောတဲ့ ညီညွတ်ရေး အခြေခံ သဘောတရားလေးတွေ ကူပ်တို့ ယောသူယောသားတွေ စိတ်ထဲ ထည့်ပေးနိုင်ရင် ကျေနပ်ပီဗျာ။ ကျနော် လိုချင်မိတယ်...
ယောသားသူယောသားတွေ လူမိုး အမြိုမခံစေချင်ဘူး၊ဘာသာစကား မတိမ်ကော စေချင်ဘူး၊ အထင်သေး အစော်ကား မခံရ စေချင်ဘူး ခင်ဗျာ.....။ကျနော်တို့ ဆက်ပီး ၀ါးအစည်းပြေနေကြအုံးမှာလား။
အိပ်ပျော်နေကြအုံးမလား။
 ကိုရင် ဒိပ္ပ