©©©©©©©©©©©©©©©©©©©©©©©©©©
ကိုယ့်နယ်ကိုယ့်ဒေသက ဒကာမလေးတစ်ယောက် မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းထဲမှာ ပါသွားမှာစိုးလို့ တွေ့ရှိသမျှတွေကို ဖော်ပြလိုက်ပါတယ်။
(၁) မင်းအုပ်စိုး ပြောလို့ ရဲက ထုတ်ပြန်တဲ့ ကိစ္စ မတေးနုယဉ်နဲ့ မင်းအုပ်စိုးတို့ က
ဝမ်းကွဲ မောင်နှမ ဆိုတာ တကယ်မှန်ရဲ့ လား
( လိမ်ထားပါတယ် ၊ အမျိုးသမီးဟာ မင်းအုပ်စိုးဆီမှာ အလုပ်လုပ်နေတာ ၇ နှစ်လောက်ရှိပြီ မနုနုယဉ်ဟာ ကျောက်ထုမြို့မှာ ဈေးသည် ဦးသိန်းအောင်ရဲ့သမီးပါ)
(၂) အတူနေတယ်လို့  မင်းအုပ်စိုးပြောလို့ ရဲတပ်ဖွဲ့ က ထုတ်ပြန်ပါတယ် ။
(အတူနေတယ် ဆိုတာ မဟုတ်ပါ - အမျိုးသမီးက ဗျိုင်းရေအိုးစင်လမ်းမှာ နေပါတယ်)
(၃) မတေးနုယဉ်သေဆုံးချိန်မှာ မင်းအုပ်စိုးနဲ့ မတေးနုယဉ်နှစ်ဦးပဲ ရှိနေတဲ့
သဘောမျိုး မင်းအုပ်စိုးပြောလို့  ရဲတပ်ဖွဲ့ ကထုတ်ပြန်ပါတယ် ။
(တကယ်တော့ မတေးနုယဉ်ကို ထိုးကြိတ် ကန်ကျောက်စဉ်မှာ အနားမှာ
အခြားသော အလုပ်သမလေးတွေ လေးငါးဦး ရှိတယ်လို့ သိရပါတယ် )
(၄) ရဲတပ်ဖွဲ့ ရဲ့  ထုတ်ပြန်ချက်ထဲမှာ သေဆုံးဒဏ်ရာတွေက ရိုးရှင်ပါတယ်တဲ့။
( တကယ်တော့ အတွင်းနံရိုး လေးချောင်းလောက် ကျိုး သွားတယ်လို့ သိရပါတယ် )
(၅) သေသွားချိန်မှာ မင်းအုပ်စိုး က ထွက်မပြေးဘဲ အဖမ်းခံလိုက်ခြင်းအားဖြင့် ဘယ်လို
အကျိုးတွေ ရလာနိုင်လဲ ....
( ကိုယ်တိုင် အဖမ်းခံမှု ၊ မရည်ရွယ်ဘဲ ဖြစ်သွားရမှု စတာတွေအပါအ၀င်
လျှော့ရက်တွေဘာတွေကြောင့် ထောင်ကျနိုင်တဲ့ သက်တမ်း တိုသွားနိုင်ပါတယ် )
(၆) ရဲကို ပြည်မြန်မာက မေးခွန်းမေးချိန်မှာ မင်းအုပ်စိုးက လာအဖမ်းခံချိန်မှာ
အရက်သောက်စားထားခြင်းလုံးဝ မရှိပါဘူးလို့  ဖြေထားတယ် ။
( မင်းအုပ်စိုးဟာ အမှုမဖြစ်ခင်ညဦးပိုင်း(၁၀)နာရီမှာ အမူးလွန်ပြီး အတွင်းခံတစ်ခုသာဝတ်ထားတဲ့ ကိုယ်တည်းလုံးသာရှိတဲ့ အရက်သောက်ထားတဲ့ပုံကို အင်တာနက်ကိုတင်ခဲ့ပါသေးတယ်။
အရက်သောက်ရင် သွေးဆိုးတယ်လို့  သူရဲ့ သရပါမဂ္ဂဇင်းက ၀န်ထမ်းအားလုံး သိထားပါတယ် )
ဒါပြင် မင်းအုပ်စိုးအိမ်မှာ အလုပ်လုပ်ခဲ့ရာက သူရဲ့နှိပ်စက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ လူငယ်တစ်ယောက် ကျောက်ထုမြို့မှာ ခုထိရှိနေပါတယ်။
တစ်ခုပဲ မေးကြည့်ချင်တာက ကိုယ်နဲ့ သွေးမတော် သားမစပ် အမျိုးသမီးတစ်ဦး
ကိုယ့် အလုပ်သမ တစ်ဦးကို ဒီလိုမျိုး ရိုက်နှက်ထိုးကြိတ်တာမျိုးကို လက်မခံနိုင်ပါဘူး။
မနုနုယဉ်ဟာ သတင်းထောက်အယ်ဒီတာအလုပ်အပြင် တေးနုယဉ်-နန္ဒီသိန်းအောင်-နုနုယဉ်
အမည်များနဲ့ကဗျာတွေစာတွေရေးနေတဲ့ စာရေးဆရာမလို့လည်း သိရှိရပါတယ်။
အားလုံးသော ဒကာ/မတွေလည်း ကိုယ်နဲ့မဆိုင်ဘူးလို့ မသတ်မှတ်ပါနဲ့။
ရဲတပ်ဖွဲ့ဆိုတာကလည်း သတင်းပေးသူ၊ သက်သေခိုင်လုံမှုတွေအပေါ်မှာ မှီခိုရတာမို့လို့ လူသတ်မှုနဲ့ထောင်ကျတဲ့ သရုပ်ဆောင်မေဇွန်တို့၊ ဘိန်းမှုဖြစ်တဲ့ သရုပ်ဆောင်ရဲတိုက်တို့တောင် ဖမ်းနိုင်သေးတာပဲ။
ဒါတွေဟာ သက်သေခိုင်လုံတဲ့ သတင်းပေးပို့ချက်တွေကြောင့်ပါ။
သရုပ်ဆောင်လူသတ်မိလို့ အမှုလျော့တာတို့ သားက အဖေကိုသတ်တာကို အမျိုးဖြစ်နေလို့ အမှုလျော့တာတို့ မဖြစ်စေလိုပါဘူး။
နီးစပ်တဲ့သူတွေ စုံစမ်းကြပါအုံး
တရားမျှတမှုကို မျှော်လင့်ရင်း……

No comments:
Post a Comment