Friday, January 2, 2015

ကူပ်တို့တွေ အိပ်ပျော်နေကြ အုံးမလား

# ကူပ်တို့တွေ အိပ်ပျော်နေကြ အုံးမလား#
ဒေသတစ်ခုမှာ ကိုယ်ပိုင်ယဉ်ကျေးမှု့တွေ၊ ကွဲပြားတဲ့ ဘာသာဗေဒ စကားရပ်တွေနဲ့ ကိုယ်ပိုင်ဟန်ပန် နယ်မြေ အသိုက်အ၀န်းနဲ့ နေလာကြတဲ့ ယောသူယောသားတွေ ။သမိုင်းကြောင်း ထင်ထင်ရှားရှား ကောက်လို့ရတဲ့ ပုဂံခေတ်မှသည် ယခုထိ စည်းလုံးမှု့တွေ အားနည်းခဲ့ပြီး တသီးတစ်ခြားစီရပ်တည်လာခဲ့ကြတယ်။မြို့နယ်
လေးခုရှိပြီး တောင်ယော၊မြောက်ယောဆိုပြီး မသိစိတ်တွေကနေ ခွဲခြားခဲ့ကြတယ်။လူမိုးစု တစ်ခုအဖြစ် ရပ်တည်နိုင်ပါလျက်နဲ့ အားလုံးရဲ့ အားနည်းတဲ့ အသိအမြင်တွေ နိမ့်ပါးမှု့ကြောင့် ခေါင်းဆောင် ဆိုတာလဲ
မရှိခဲ့ကြဘူး။ အားကိုးစရာ အမိုးသား ပါတီဆိုလဲမရှိခဲ့ဘူး။အဖွဲ့စည်းတွေကလဲ သာရေး၊နာရေးအဖွဲ့စည်းတွေလောက်ပဲဖြစ်တယ်။ ကူပ်တို့တွေ အားလုံးက အုတ်ရောရော ကျောက်ရောရောတွေ ဖြစ်နေပြီ။မှန်ကန်တဲ့
အမိုးသားရင်ကြားစေ့ပြီး ထုနဲ့ ထည့်နဲ့ နေလိုကြတဲ့ စိတ်တွေ မရှိကြတော့တာလားပဲ။

ယောသားတွေဟာ ဓနအင်အားရှိသူတွေအများစုကလဲ ကိုယ်ကိုးတွေဖက်ပီး လွတ်ရာရှောင်ကြ။ ထက်မြက်တဲ့
ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ သူတွေကလဲ တစ်ထီးတစ်နန်းနဲ့ ခပ်လှမ်းလှမ်းကနေ မဆိုင်သလိုနေကြသဗျ။ကလောင်စွမ်းထက်ပြီး ထက်မြက်တဲ့ ပညာရှင်တွေကလဲ အထိမ်းအကွပ်မရှိလှတဲ့ လူ့အဖွဲ့အစည်းထဲမှာ စနိုးစနောင့်နဲ့ ရှေ့ထွက်လာဖို့ ကြောက်ရွံ့နေကြတယ်။ ကူပ်တို့ လို သာမန် ယောသားတွေကလဲ ခုချိန်ထိ အိပ်ပျော်နေကြတုန်း၊ သောက်လို့ စားလို့ကောင်းတုန်း ။ နောက်ဆုံးတော့ နိုင်ငံချီပြီး စော်ကားခံခဲ့ရ၊
ရှုတ်ချခံခဲ့ရ ၊အထင်သေးခံခဲ့ရ၊အလှိုလှို သွေးနှောခံသွားကြရနဲ့ ခင်ဗျားတို့ ကူပ်တို့တွေ လုံးပါး ပါးပါရော့လား။အနီးစပ်ဆုံး လက်ရှိအဖြစ်ပျက်ကတော့ ခုဖြစ်သွားတဲ့ နိုင်ငံကျော် ရက်စွက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ယောသူလေး အစ်မ တေးနုယဉ်ကိစ္စ ။ မျှတတဲ့ တရားစီရင်ရေးရဖို့ရာ အခွင့်လမ်းနည်းနေတယ်။ ရန်ကုန်လိုမြို့ကြီးထဲမှာ ထီပေါက်တာ မဟုတ်တဲ့ နာရေးလို အဖြစ်ပျက်မှာ ဘယ်အဖွဲ့ စည်းကမှ တရားမျှတမှု့အတွက် ရပ်တည်ပေးသူမရှိဘူး။ဟုတ်ပြီ.....ယောအသင်း (ရန်ကုန်)ကိုလည်း ဆက်သွယ်ခဲ့တယ်။မရေရာတဲ့ အကြောင်းပြချက်နဲ့ဘယ်သူမှ အဖက်မလုပ်ခဲ့ကြဘူး။ကောင်းသေးရဲ့လားဗျာ။ သူဘာကြောင့်ပဲ သေပါစေ ၀န်းရံပေးသင့်တာပေါ့။ ရန်ကုန်မှာ ယောသူယောသားအင်အားစုတွေနဲတာမှ မဟုတ်ပဲ။ မတေးနုနာရေးမှာ တက်ရောက်လာတဲ့ လူက ၁၅ယောက်တောင်မပြည့်ဘူး။ကူပ်တို့တွေ စည်းလုံးမှု့က ဒါပဲလား။
(အနည်းဆုံးတော့ ကြေညာချက်လေးတစ်စောင်တော့ ထုတ်သင့်တာပေါ့....ကိုအောင်မှူးဝေ= စာရေးဆရာ ဂန့်ဂေါနွယ်ဖွား)။
ဟုတ်တယ် သူပြောတာကို ကျနော်လဲ ထောက်ခံတယ်။ ဒီစကားတွေ ပြောလို့ လူအသိုင်းဝိုင်းနဲ့ တဖြည်းဖြည်း ကျနော် ဘေးရောက်သွားနိုင်တာသိတယ်။ ကျနော် မပြောပဲနေဖို့ အများနည်းတူ လက်ရှောင်ဖို့ရာ စိတ်ကူးရှိခဲ့ပေမယ့် ခုတော့ အမုန်းခံပြောပါရစေ။ ကျနော့်ကို မုန်းကြလို့
စွန့်ခွားသွားခဲ့ရင်တောင် ခုပြောတဲ့ ညီညွတ်ရေး အခြေခံ သဘောတရားလေးတွေ ကူပ်တို့ ယောသူယောသားတွေ စိတ်ထဲ ထည့်ပေးနိုင်ရင် ကျေနပ်ပီဗျာ။ ကျနော် လိုချင်မိတယ်...
ယောသားသူယောသားတွေ လူမိုး အမြိုမခံစေချင်ဘူး၊ဘာသာစကား မတိမ်ကော စေချင်ဘူး၊ အထင်သေး အစော်ကား မခံရ စေချင်ဘူး ခင်ဗျာ.....။ကျနော်တို့ ဆက်ပီး ၀ါးအစည်းပြေနေကြအုံးမှာလား။
အိပ်ပျော်နေကြအုံးမလား။
 ကိုရင် ဒိပ္ပ