အရင်က လေ့လာတွေ့ရှိခဲ့ရတာကတော့ မြန်မာဟာ ပျူတွေကဆင်းသက်ခဲ့တယ်၊
ပျုတွေဟာ တရုတ်ပြည် ရဲ့ အနောက်မြောက်ထောင့် တိဗက်နယ် စပ်ကနေ
မြန်မာနိုင်ငံဖြစ်မယ့် နယ်ထဲကို မြန်မာဖြစ်မယ့်သူတွေ ထက်စောပြီး ခရစ်မပေါ်မီ
(၅) ရာစု နှစ်လောက်က စလို့ ရွှေ့ပြောင်းလာခဲ့ကြတဲ့သူတွေပဲ ဖြစ် တယ်လို့ ဆို
ခဲ့ ပါတယ်။ သူတို့ဟာ တောင်တွင်းကြီး အနီးမှာ ဗိဿနိုး၊ ရွှေဘိုတောင်ဘက်မှာ
ဟန်လင်း၊ ပြည်အ နီး မှော် ဇာဝန်းကျင်မှာ သရေခေတ္တရာဆိုတဲ့ပျုနိုင်ငံတွေကို
တည်ထောင် ခဲ့ပါတယ်။ ပျု ဘုရင်မဖြစ်တဲ့ ဗိဿနိုးက ပန်ထွာဘုရင်မနဲ့
သရေခေတ္တရာက ပျုဘုရင်ဒွတ္တဘောင်ကိုတော့ သမိုင်း လေ့လာသူ တော်တော်များများ သိ
ကြပြီးဖြစ်ပါတယ်။ ပြည်မှာဆိုရင် ဒွတ္တဘောင်မင်းနဲ့ ပျုမင်းတွေတည်ခဲ့တဲ့
ဘောဘောကြီး၊ ဘုရာကြီး၊ ဘုရားမာစတဲ့ ပျုဘုရားတွေဟာလည်း ဒီကနေ့တိုင်
အထင်ရှားရှိနေပါတယ်။
ပန်ထွာဘုရင်မစိုးစံတဲ့ ဗိဿနိုးကို သရေခေတ္တရာက ဒွတ္တဘောင်ဘုရင်
တိုက်ခိုက်လို့ ဗိဿနိုးပျက်ခဲ့ရ တယ် ။ သရေခေတ္တရာကိုလည်း ခရစ်နှစ် (၈၃၂) မှာ
တရုတ်ပြည်က နန်ကျောင် (Nanchao) တွေ လာရောက် တိုက်ခိုက် လုယက်ဖျက်ဆီးလို့
သရေခေတ္တရာပျက်သွားရတယ်။ အဲဒီမှာ ပျုခေတ် ဟာလည်း ကုန်ဆုံးသွားတယ်လို့
ထင်မှတ်ပြီး ရေးခဲ့ကြတယ်။
တိဗက်မြန်မာအနွယ်ဝင်တွေနဲ့ပတ်သက်ပြီးဆက်ရေးရရင်
လူဦးရေတိုးတက်များပြားပြီး ယူနန် အရှေ့မြောက် ပိုင်း အထိရောက်ရှိလာတဲ့
တိဗက်မြန်မာအနွယ်တွေဟာ တိုက်ခိုက်လုယက်ဖျက်ဆီးတဲ့ နန်ကျောင်တွေနဲ့တွေ့ပြီး
နန်ကျောင်တွေရဲ့ ရက်ရက်စက်စက် နှိပ်စက်တာတွေ၊ ခိုင်းစေတာတွေကို
ကြုံကြရပါတယ်။ နန်ကျောင်တပ်တွေမှာ လည်း ဝင်ပြီးအမှုထမ်းခဲ့ကြရတယ်။
ပျုနိုင်ငံဖြစ်တဲ့သရေခေ တ္တရာ ကိုဝင်ပြီး ဖျက်ဆီးတုန်းကလည်း သူတို့တွေပါခဲ့
တယ်လို့ သိရတယ်။ သူတို့ဟာ သတ္တိဗျတ္တိတွေရှိကြပြီး
တိုက်ခိုက်ရေးကျွမ်းကျင်သူတွေ ဖြစ်လာခဲ့ကြတယ်လို့ ဆိုထားတယ်။ ဒီလိုနဲ့ (၉)
ရာစုနှစ် နှောင်းပိုင်းရောက် လာတဲ့အချိန်မှာတော့ နန်ကျောင်တွေတန်ခိုးအင်အား
ယုတ်လျော့လာကြပြီ ဖြစ်တဲ့အတွက် တိဗက်မြန် မာ အနွယ်တွေဟာ နန်ကျောင်တွေနဲ့
လွတ်ရာ အရှေ့တောင်အာရှ မြန်မာမြေပြန့်ဘက်ဆီ သို့ ရွှေ့ပြောင်းပြီး လာ
ခဲ့ကြတယ်။
ဦးဆုံးရောက်ရှိလာတာက မြန်မာမြေပြန့် ကျောက်ဆည်နယ်ဖြစ်တယ်။
ကျောက်ဆည်မှာ စတင်နေထိုင်ကြ ပြီး အဲ ဒီ မှာ ဆည်ရေသောက်
လယ်ယာစိုက်ပျိုးသူတွေ ဖြစ်လာကြတယ်။ သူတို့တွေဟာ လူဦးရေတွေ များပြီး မင်းဘူး
နယ်မှာလည်း နေထိုင်လာကြသလို စပါးကျီကြီးလေးကျီလို့ဆိုကြတဲ့ ချင်းတွင်း၊
လယ်တွင်း ၊ တောင်တွင်းနဲ့စလင်း နယ်တွေမှာပါ နေထိုင်လာကြတယ်။
အဲဒီနောက် ဒီနယ်တွေနဲ့ ဆက်သွယ်လို့ လွယ်ကူတဲ့ ရေကြောင်းဖြစ်တဲ့
ဧရာဝတီ မြစ်ရှိတဲ့၊ အားလုံးရဲ့ အ လယ် ဗဟိုလည်းဖြစ်တဲ့ ပုဂံကို မင်းနေပြည်၊
အုပ်ချုပ်သူအကြီးအကဲ မင်းရှိတဲ့ပြည်အဖြစ် သတ်မှတ်ပြီး နိုင် ငံသစ်ကို
တည်ဆောက်ခဲ့ကြတယ်လို့ လေ့လာသိရှိ ခဲ့ရပါတယ်။
ဒါပေမယ့်.....
ဒီဘက် (၂၀၀၀) ခုနှစ် ဝန်းကျင်မှာတော့ အရင်က လေ့လာတွေ့ရှိ
ကောက်ချက်ချခဲ့တာတွေကို မှန်တယ် လို့ ပြောဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့
သမိုင်း ပညာရှင်တွေ သိလာကြပါတယ်။
ပျုလူမျိုးတွေရဲ့အစ၊ မြန်မာလူမျိုးတွေရဲ့အစဟာ
ခေတ်သစ်သမိုင်းပညာရှင်တွေ အတွက် နောက် ဆုံးကောက် ချက်ချခဲ့ကြတဲ့
တိဗက်နယ်စပ်ကလာခဲ့တဲ့ တိဗက်မြန်မာအနွယ်ဝင်တွေဆိုတာလည်း လက်ခံ လို့ မ
ရနိုင်တော့ပါဘူး။ မြန်မာနိုင်ငံဖြစ် လာမယ့်မြန်မာမြေထဲမှာ
ပထမဆုံးပျုနိုင်ငံကို တည်ထောင်ခဲ့ ကြ တဲ့ ပျုလူမျိုးတွေဟာ
တခြားကလာခဲ့ကြတဲ့လူတွေ မဟုတ်ဘဲ ရှေးကတည်းက လူသားတွေစပြီး ပေါ်လာ တဲ့
ကျောက်ခေတ်နဲ့ကြေးခေတ်၊ သံခေတ်တွေကတည်းက မြန်မာမြေပေါ်မှာနေထိုင်ခဲ့ကြတဲ့
ကျောက်ခေတ် ဦးလူသားတွေကနေ ဆင်းသက်လာတယ်ဆိုတာ သိလာကြရတယ်။ ကျောက်ခေတ်ကစပြီး
အစဉ်အ ဆက်နေ ထိုင်လာရာကနေ ပျုတွေ ဖြစ်လာခဲ့ကြတယ်ဆိုတာ ဒီကနေ့
လက်ခံနေကြရပြီဖြစ်ပါတယ်။ ဒါကို ဘယ်သူမှ ငြင်းကြတာ မတွေ့ရပါဘူး။
ငြင်းဖို့လည်း သူတို့မှာ သက်သေအထောက်အထား မပြနိုင်ကြဘူး။
အဲဒါက ဘာကြောင့်လည်းဆိုတော့ လွန်ခဲ့တဲ့နှစ် သန်း (၄၀) လောက်က ဒီကနေ့
လူသားတွေဖြစ်လာမယ့် လူတူပရိုင်းမိတ် သတ္တဝါတွေနေထိုင်ခဲ့ကြတယ်ဆိုတဲ့
အထောက်အထားတွေဖြစ် တဲ့ ကျောက်ဖြစ် ရုပ် ကြွင်းတွေကို သုတေသနပညာ ရှင်တွေ က
တွေ့ရှိလိုက်ကြလို့ပဲ။ ပရိုင်းမိတ်ရုပ်ကြွင်းတွေ တွေ့ရှိ ရာနေ ရာက
ပုံတောင်ပုံညာ ဒေသဖြစ် ပါတယ်။ အဲဒီ ပုံတောင်ပုံညာဒေသကတွေ့ရှိတဲ့ ပရိုင်း
မိတ်ကျောက်ဖြစ် ရုပ်ကြွင်းတွေ ကို နိုင်ငံတကာမှ ပညာရှင်တွေက
ဒီပုံတောင်ပရိုင်းမိတ်တွေရဲ့ သက်တမ်းဟာ နှစ် သန်းပေါင်း (၄၀)လောက်
ရှိပြီဆိုတာကိုလည်း အမေရိကန် ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်စဘာဂ်မြို့၊
ကာနက်ဂီ သဘာဝသမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ (Anthropoid Origins Synposium, USA) ဆွေးနွေးပွဲမှာ တက်ရောက် လာခဲ့ကြတဲ့ ပညာရှင်တွေအားလုံးက တညီတညွတ်တည်း လက်ခံခဲ့ကြပါတယ်။
ပညာရှင်တွေဟာ မြန်မာမြေပေါ်မှာ ကျောက်ခေတ်က လူသားတွေ
နေထိုင်ခဲ့ကြတယ်ဆိုတဲ့ အထောက်အ ထားတွေ နဲ့အတူ အဲဒီကျောက်ခေတ်မှာသုံးတဲ့
လက်နက်ကိရိယာတွေကို လည်း တွေ့ရှိခဲ့ကြရပါ တယ် ။
ကျောက်လက်နက်ကိရိယာတွေကိုတော့ အထက် အညာဒေသဖြစ်တဲ့ မကွေး (ချင်းမအောင် ကုန်း
) ၊ ချောက် ၊ စလေ၊ ညောင်ဦး၊ ဝါးတောချောင်း၊ မင်းဘူး၊ ရေနံချောင်း၊
ဆီးချိုပင်၊ ပုဂံ၊ ပခုက္ကူ၊ စဥ့်ကူ၊ မကွေးမြသလွန်ဘုရားအရှေ့ ဘက်ဒေသ၊
မင်းကုန်း၊ မန္တလေးပတ်ဝန်းကျင်၊ ဆားလင်းကြီးမြို့နယ် မိုး ကြိုးပြင်ရွာ
(ဝက်ဆိုးကုန်း)၊ ဝိုင်းတောင် ကြီးရွာ (ထောက်မကုန်း)၊ ကနီမြို့နယ်
အိုင်တောင်ရွာ (သူဌေး ကုန်း)၊ ဘုတလင်မြို့နယ် ရွှေစာရေးရွာ (ကြက်မြုံ
ကုန်း)၊ ချောင်းဦးမြို့နယ် နွယ်ခွေရွာ (ဒင်္ဂါးကုန်း) နဲ့ မုံရွာမြို့နယ်
လှည်းဒါးရွာတွေမှာ တွေ့ရှိခဲ့ရပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းတွေရှိရာမှာ လူသိများတာကတော့
နွယ်ခွေလူသားကျောက်ဖြစ် ရုပ်ကြွင်းပဲဖြစ် ပါ တယ်။
ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ဆရာဦးဘမော်ဆိုသူက နွယ်ခွေကျေးရွာ အနီးရှိယာ
ကွက်ထဲက တွေ့ ရှိခဲ့တာဖြစ်တယ်။ ယာကွက်ထဲကို ဖြတ်လျှောက်သွားရင်း
ခလုတ်တိုက်မိလို့ ငုတ်နဲ့တိုက်မိတယ်ထင်ပြီး ကြည့်လိုက်တော့ ငုတ် မဟုတ်ပဲ
ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီမေးရိုးက
အပေါ်မေးရိုးဖြစ်ပြီး အံသွားတစ် ချောင်းနဲ့ ရှေ့သွားတစ်ချောင်းပါတာကို
တွေ့ရပါတယ်။ ဒီမေးရိုးနဲ့ သွားတွေ ကို ပညာရှင်တွေက စစ်ဆေးကြည့်လိုက် တဲ့အခါ
မေးရိုးဟာ အနည်းဆုံး နှစ် (၂) သိန်း သက် တမ်းရှိပြီဖြစ်တဲ့
မေးရိုးဖြစ်နေတာကို သိရှိရပါတယ်။
မြန်မာမြေပေါ်မှာရှိတဲ့ ပြဒါးလင်းဂူမှာလည်း ကျောက်ခေတ်လူသားတွေ
နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက် အ ထား တွေကို တွေ့ရှိရပါတယ်။
ပြဒါးလင်းဂူရဲ့နံရံတွေပေါ်မှာ ကျောက်ခေတ်ဟောင်းက အမဲလိုက်လူ သားတွေ ရဲ့ ဓလေ့
အတိုင်းရေးဆွဲထားတဲ့ ပန်ချီပုံတွေ တွေ့ရပြီး၊ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်
(၂၅၀၀၀ ) လောက်က ပန်ချီလက်ရာ တွေလို့ ခန့်မှန်းခဲ့ကြပါတယ်။
မြန်မာမြေပေါ်မှာနေထိုင်ခဲ့ကြတဲ့ ဒီလူသားတွေဟာ ကျောက်ခေတ်ဦး၊
ကျောက်ခေတ် လတ် ၊ ကျောက်ေ ခ တ်နှော င်း ကာလတွေမှာသာမကပဲ ကြေးခေတ်၊
သံခေတ်တွေမှာ လည်း နေထိုင်ခဲ့တယ်ဆိုတာကို ဆက် လက်တွေ့ရှိရတဲ့
အထောက်အထားတွေအရ သိရှိရပါတယ်။
ကြေးခေတ်အထောက်အထားတွေဖြစ်တဲ့ ကြေးလက်နက်ကိရိယာတွေ တွေ့ရှိရတဲ့
နေရာဒေသတွေကတော့ မန်းဝိုင်ရွာ တာပိန်မြစ်၊ ဟိုသာရွာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ပန် ရှမ်းပြည် နယ်တောင်ပိုင်း၊
မိုးမိတ်၊ ကြိုးကြာရွာ၊ မထုံချောင်း၊ သရက်ခရိုင်၊ သမင်သက်ရွာ အောက်
ချင်းတွင်းခရိုင်၊ နမ့်လွီရွာ ရှမ်းပြည် နယ်တောင်ပိုင်း၊ ညောင်ကန်ရွာ
ဘုတလင်မြို့နယ်၊ စမုံမြစ်ဝှမ်း၊ ဘိန္ဒကလွင်ပြင်၊ ပျော်ဘွယ်မြို့နယ် ရမည်း
သင်းခရိုင်တွေဖြစ်ပါတယ်။
ကြေးခေတ်သင်္ချိုင်းတွေကိုလည်း ဘုတလင်မြို့နယ် ညောင်ကန်ဒေသ၊
မလှိုင်မြို့နယ် မြင်းဦးလှည့်ဒေ သ နဲ့ နှောကန် ဒေသ၊ တောင်သာမြို့နယ်
အင်းတဲဒေသ၊ ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှဒေသ၊ ပျော် ဘွယ်မြို့ နယ်
ရွာထင်ကုန်းဒေသ၊ ရမည်းသင်းမြို့နယ် မြို့လှဒေသ၊ ဝက်လက်မြို့နယ်
ဟန်လင်းမြို့ဟောင်းဒေ သတွေ မှာ တွေ့ရှိခဲ့ပါ တယ်။ ညောင်ကန် ဒေသမှာ
မန္တလေးရှေးဟောင်းသုတေသနက တူးဖော်ရရှိခဲ့ရာ မှာ ကျောက်ကွင်း၊ ကြေးပစ္စည်း၊
ခဲပြားလိပ်၊ မြေအိုး၊ ပုတီးစေ့နဲ့ လူရုပ်ကြွင်း (၄၃) ခု တွေ့ခဲ့ရပါတယ်။
ဟန်လင်းဒေသတဝိုက်မှာလည်း ကျောက်ခေတ်ကျောက်လက်နက်တွေ၊ ကြေးခေတ်သုံး
ကြေးလက်နက်တွေ၊ သံခေတ်သုံး သံလက်နက်တွေနဲ့အတူ ပျုစာပါရှိတဲ့
တံဆိပ်တုံးတွေ၊ ပျုအရိုးအိုးတွေ လက်စင်းရာပါ အုတ် ချပ်တွေ၊
ကျောက်ကွင်းတွေ၊ လက်ကောက်တွေ၊ အောက်ခြေတိုင် ပါ မြေဆီမီးခွက်တွေနဲ့
အိုးပုံစံအမျိုး မျိုး ကို တွေ့ရတဲ့ အတွက် ဒီဒေသဟာ ကျောက်ခေတ်ကစပြီး
ပျုတွေနေထိုင်ကြတဲ့ ပျုခေတ်အထိ အစဉ်တ စိုက်နေထိုင်လာခဲ့ကြတဲ့ ဒေသ
တခုဖြစ်ခဲ့တယ် ဆိုတာကို သိရှိရပါတယ်။ ဒါကြောင့် ပညာရှင်တွေ နောက်
ဆုံးကောက်ချက်ချတာကတော့ ပျုတွေဟာ မြန်မာမြေထဲကို
တခြားဒေသတွေကနေဝင်ရောက်လာပြီး အခြေ ချနေထိုင် ကာ မြို့ပြနိုင်ငံတည်ထောင်
လာကြသူတွေမဟုတ်ပဲ ကျောက်ခေတ်ကတည်း က နေထိုင် လာ ကြတဲ့
အမျိုးအနွယ်တွေဖြစ်ကြောင်း၊ အဲဒီကမှ မြို့ပြနိုင်ငံပေါ်ထွန်းခဲ့တဲ့ခေတ် အထိ
ယဉ်ကျေးမှုအဆင့် ဆင့်ကို ဖြတ်သန်းနေထိုင်လာခဲ့သူတွေဖြစ်ကြောင်း၊
တခြားဒေသတွေကနေလာရောက်တဲ့သူတွေမဟုတ်ဘဲ ပျုတွေရဲ့အနွယ်ဘဲဖြစ်ကြောင်း
သိလာကုန်ကြကာ လက်ခံကုန်ကြပြီ ဖြစ်သည်။
No comments:
Post a Comment