Monday, September 22, 2014

ယော

 
 

ထို့ကြောင့် ``ယော´´ ဟု ခေါ်သည်
****************************
ယာတိ ယာပေတိ ယောမည်၏ ၊
ယာတဗ္ဗောတိစ ယာပိတော။
ယော ယာယတိစ ဧတေန၊
ယော ဧတ္ထစေဝ ယာယတိ။
(က) ချစ်ခင်ညီညွတ် ရောက်လာတတ် သိမှတ်
ယောခေါ်သည်။
ချစ်ခင်စရာ ဖြစ်တတ်ပါ မှန်စွာ ယော ခေါ်သည်။
ချစ်ခင်ကြည်ဖြူ သိတတ်သူ မှတ်ယူ ယော ခေါ်သည်။
(ခ) ချမ်းသာ ၃ ရပ် ရောက်စေတတ် သိမှတ် ယောခေါ်သည်။
ချမ်းသာ ၃ ဖြာ ဖြစ်စေပါ မှန်စွာ ယော ခေါ်သည်။
သစ္စာ ၄ ဆူ သိစေမူ မှတ်ယူ ယော ခေါ်သည်။
(ဂ) ချစ်ခင်လေးမြတ် ရောက်ရှိအပ် သိမှ ယော ခေါ်သည်။
ချစ်ခင်လေးမြတ် ဖြစ်စေအပ် မချွတ် ယော ခေါ်သည်။
ချစ်ခင်လေးစား သိအပ်ငြား မှတ်သား ယော ခေါ်သည်။
(ဃ) ချမ်းသာ ၃ တန် ရောက်ကြောင်းမှန် ဧကန် ယော ခေါ်သည်။
ချမ်းသာ ၃ ဖြာ ဖြစ်ကြောင်းမှာ မှန်စွာ ယော ခေါ်သည်။
သစ္စာ ၄ ဆူ သိကြောင်းမူ မှတ်ယူ ယော ခေါ်သည်။
(င) ကောင်းစွာရောက်ရာ နိဗ္ဗာန်မှာ မှန်စွာ ယော ခေါ်သည်။
ကောင်းစွာဖြစ်ရာ မြတ်ချမ်းသာ မှန်စွာ ယော ခေါ်သည်။
ကောင်းစွာသိရာ တရားမှာ မှန်စွာ ယော ခေါ်သည်။
တရားကိုစစ် ယောအစစ် အနှစ် ပိုင်ဆိုင်သည်။
ယောသူ/ယောသား ရိုးဖြောင့်ငြား စိတ်ထားဖြူရမည်။

(တိပိဋက-ယောဆရာတော်)


No comments:

Post a Comment