ညှာတာ သနား ဘူးလက် (ဦးလှဆွေ ) နားသို့ မကြားစေလို့
=====================================
မနက်အိပ်ရာထတော့စိတ်ထဲမှာစိုးရိမ်စိတ်တစ်ခုဝင်လာတယ်။ အကြောင်းက ဒီလိုပါ။ကျွန်တော်က လူတစ်ယောက်ဖြစ်နေတော့ လောဘ၊ မာန၊ အတ္တတွေရှိနေတယ်။ဒီစိတ်တွေကြောင့်ပဲ ပိုပင်ပန်းတယ်ထင်ရဲ့။သူများနိုင်ငံသားတွေနဲ့ ကျွန်တော်တို့နိုင်ငံသားတချို့ ကောင်းစားကြတာမြင်တော့ ကျွန်တော်လည်း လောဘတွေ ဝင်လာတယ်။တောင်သူလုပ်ရတာလည်းဗျာ.... အခွန်သာကောက်ချင်တဲ့သူရှိတာ။ ကျွန်တော်တို့ရွာမြောက်ဘက်က လယ်ပွဲဆိုရင် ဟိုး....အရင်တစ်နှစ်ကို စပါးတင်း ၃၀၀၀ ကျော် ၄၀၀၀ လောက်ထွက်တယ်ဗျ။ ကိုယ့်ဘာသာကိုယ်ဆည်တည်၊ မြောင်းဖောက်ပြီး လယ်ထွန်ရတာမလွယ်ပါဘူးဗျာ။ တစ်နှစ် တစ်ကြိမ် ဒီလောက်ပန်ပင်းခံလုပ်ထားရတာကို ဘာလို့စပါးသွင်းရတယ်နားမလည်ဘူးဗျ။ စာဖတ်သူတို့ မကြုံ ရတဲ့ ယခင် ရှေးဘုရင်တွေ လက်ထက်က သုံးခဲ့တဲ့ မြေခွန၊်ယာခွန် ၊ဘာကြေး၊ ညာကြေးဆိုတာတွေပေါ သဗျ။တစ်ခါမှတ်မိသေးတယ်....ကျောက်ထုကိုစပါးသွားသွင်းရဖို့ လှည်းမောင်းဖို့ ခိုင်းမဲ့နွားတစ်ကောင်က ကျန်းမာရေးမကောင်းဖြစ်နေလို့
နောက်နေ့မှလာပါရစေလို့တောင်းပန်တာမရဘူးဗျ။ သတ်မှတ်ရက်အရောက်ပဲ လိုချင်တာဆိုလို့ နွားကျန်းမာရေးမကောင်းလည်း ၈မိုင်ကျော်ခရီး သွားရတာပဲ။
ရေလျှံတဲ့နှစ် စပါးမရလို့ ဘေးရွာကဝယ်ပြီး သွားသွင်းခဲ့ရဖူးတယ်။ စပါးပုံတွေ၊ ကောက်လှိုင်းပုံတွေ၊ တချို့မသိမ်းရသေးတဲ့စပါးခင်းတွေ ရေမြောနေတာမြင်ကြရတော့၊ငိုတဲ့သူငိုပေါ့ဗျာ။ ဒါကကျွန်တော်တို့ရဲ့ထမင်းအိုးလေ။သွေးတွေ၊ ချွေးတွေနဲ့ရင်းထားရတော့ ကျွန်တော်တို့လောက်ဘယ်သူခံစားတတ်မလဲ။ ၂၀၀၇ ခုနှစ်လည်းရောက်ရော ယောချောင်းကြီးရဲ့ နှစ် ၄၀ တစ်ကြိမ် ရေပြောင်းရေလွဲမှာ ရေတွေလျှံပြီး လယ်ပွဲကြီးကနေ
ကျောက်ပုံကြီးဖြစ်သွားတော့ ဘယ်သူတောင်းစားမှတောင် လာမကြည့်တော့ဘူး။ ကျွန်တော်တို့တစ်ရွာလုံး တော်တော်ခက်ခဲခဲ့ပါတယ်။ အခုထိလည်း ရုန်းကန်နေကြရဆဲ။ စားစရာဆန်မရှိတော့ ကျွန်တော့်အမေထမင်းချက်ခါနီးမှ တစ်နပ်ချက်စာသွားဝယ်ရတဲ့ဘဝ။ အဲဒီအချိန်က ကျွန်တော်က အစိုးရဝန်ထမ်းပါ။လစာကမလောက် ကျောင်းကတစ်ဘက်နဲ့ အိမ်ကပိုက်ဆံတောင်းသုံးရတာ စိတ်မလုံတော့ဘူး။ အစ်ကိုက တက္ကသိုလ်မှာမဟာတန်း(သိပ္ပံ)တက်နေတဲ့အချိန် မတတ်သာတဲ့အဆုံး ယာ၂ကွက်ကို ဗိုက်နာနာနဲ့ ရောင်းလိုက်ရပါရော။ ဒါကြောင့်ကျွန်တော်ရွာပြန်လာခဲ့တယ်။တောင်ယာလုပ်တယ်။ ရာသီဥတုကို ဘုရားတပီး အားကိုးလုပ်ရတာ တောင်သူတွေပဲ ပိုခံစား
တတ်တာပါ။ ရာသီဥတု မမှန်တော့ မြစ်ကြီးနားမှာအလုပ်လုပ်တယ်။ ပြင်ဦးလွင်က အဖေ့သူငယ်ချင်းကအလုပ်ရမယ်ပြောလို့သွားတယ်။ မရခဲ့ဘူး။အကြံကုန်တော့ ရွာဘေးက သစ်ဝါးတောကိုအားကိုးရတော့တယ်။ ဝယ်တာလည်းဝယ်နဲ့ ၀င်ငွေရဖို့အတွက် ကြံဖန်ရတော့တာပေါ့။
တစ်ခုဗျ....။ရွာတကာ့ ရွာတွေမှာ ခြေလျင်လျှောက်နေတဲ့အချိန် ကျနော့် ရွာလေးမှာ ဆိုင်ကယ်စီးနိုင်တဲ့သူ တစ်ဦးနှစ်ဦးရှိတယ်ဗျ။
လမ်းမှာတွေ့ရင် ဘာညာမကောင်းလို့ပါကွာနဲ့ တင်မခေါ်နိုင်လို့ အားနာတဲ့မျက်နှာမျိုးတွေနဲ့။ကျွန်တော်လည်းမွေးကတည်းက ခြေလျင်လျှောက်တဲ့ ယောသားပါ။ ရတဲ့သစ်
ဝါးရေကြောက်တတ်တဲ့ကျွန်တော် ဖောင်ဖွဲ့မျှောပြီး ပခုက္ကူဘက်သွားရောင်းရတယ်။ပိတ်ဆံမရှိဘူးပြောလို့ နွားနဲ့လဲတာပေါ့။ ယောရောက်တော့ နွားနဲ့ဝက် ပြန်လဲပီး ဝက်ကိုသတ်ပြီး အသားထုတ်ရောင်းကာ ငွေဖြစ်အောင်လုပ်ဖန်တီးတာပေါ့။ ဖန်တီးဆိုတဲ့ နေရာမှာ ရှည်လို့မပြောချင်ဘူး။ မလွယ်ပါဘူး။ရွာထုံးစံ အကြွေးနဲ့မိတာနဲ့ ဘာနဲ့ ညာနဲ့ ဆိုတော့ ၀က်သား သတ်ရောင်းဖူးတဲ့ နောင်တော်ကြိးတွေ အသိဆုံးနေမှာ။ ဒါနဲ့ ဒီလိုလုပ်ရင်း ဆိုင်ကယ်လေးတစ်စီးဝယ်နိုင်ခဲ့ပါရဲ့။ ဒီလို လုပ်ငွေရှာရတာ ဘယ်လွယ်မလဲဗျာ။လူရုပ်တောင် မပေါက် ချင်တော့ဘူး။ပင်ပန်းတဲ့ဒဏ်မခံနိုင်တဲ့အဆုံးသက်သာမလားလို့ အဖေစုထားတဲ့ငွေလေးနဲ့ နွားတစ်ကောင်ရောင်းရငွေလေးပေါင်းမလေးရှားထွက်လာခဲ့တာ။ ဘယ်လောက်ဒုက္ခခံရတယ်ဆိုတာ ဒီမလေးရှားဘက်ေ၇ာက်ဖူးပီးသား ရောက်နေတဲ့လူတွေအကုန်သိပြီးသားပါ။ တစ်ချို့အသက်တောင်စတေးပေးခဲ့ကြရပါပီးပြီ။ြုမန်မာတစ်ယောက်ဆိုပြီး ဘယ်လိုပဲ အထင်သေးနှိမ့်ချမတရားခိုင်းစေကြပါစေ ရသမျှငွေကျစ်ကျစ်ပါအောင်စုခဲ့တယ်။ အလုပ်ထဲစီးဖို့အတွက်သူတပါးမသုံးချင်တော့တဲ့ဖိနပ်တောင် အဟောင်းဈေးနဲ့ဝယ်စီးခဲ့တာကျွန်တော်ပါဗျ။
အစ်ကိုကကျောင်းပြီးသွားလို့ဘော်ဒါဆရာအဖြစ်သူ့ကြိုးစားမှုနဲ့ဘော်ဒါဆောင်တိုင်းခေါ်ချင်ကြပေမဲ့လစာထုတ်တဲ့နေ့အကြွေးတောင်းသမားတွေက အစ်ကိုကျောင်းမှာလာစောင့်တဲ့သူရှိသေးတယ်။ အစ်ကိုပြောပြလို့သိရတာ လက်ပန်းကတစ်ယောက်၊ပဆုပ်ကတစ်ယောက်တဲ့။ ကျွန်တော်တို့ထက် ဒုက္ခရောက်တဲ့သူတွေ ဒုနဲ့ဒေးပါ။ အဲဒီအချိန်က ယောက်ျားကြိးတန်မဲ့ ကိုယ့်အဖြစ်တွေကြောင့် ငိုချင်မိခဲ့တယ်။ ဘာပဲပြောပြော ကျွန်တော်တို့မိသားစုတွေ အခုအချိန်တော့ပြန်လည်နိုးထနိုင်ပါပြီ။ အစ်ကိုကလည်း ကိုယ်ပိုင်ဘော်ဒါဆောင်လေးဖွင့်နိုင်ခဲ့သလို လယ်မရှိတဲ့အတွက် ရေတင်စပါးစိုက်နိုင်ဖို့ရေစုတ်စက်တစ်လုံးဝယ်ထားရသေးတယ်။ကိုယ့်မာနနဲ့ကိုယ်မို့လို့ အိမ်မှာ ဆန်စက်တစ်လုံး၊ ရွာဦးကျောင်းဆရာတော်ဦးဆောင်ကောင်းမှုကြောင့် ကိုယ့်ငွေကိုယ့်လုပ်အားနဲ့ ရွာပိုင်ရေအားလျှပ်စစ်မီးက ထိန်ထိန်ညီးနေတော့ သူ့ခေတ်နဲ့သူ့အခါအတွက်ဗွီဒီယို အပေါ်စက်၊ အောက်စက်နဲ့ပေါ့ဗျာ။ ညီအစ်ကို မောင်နှမက၅ယောက် လူပျိုပေါက်တူတစ်ယောက်ပါ ရှိနေပြန်တော့ လူကြားထဲသွားရင် မျက်နှာမငယ်ရအောင် ဆိုင်ကယ်၎စီးကဝယ်ထားလိုက်သေးတယ်။ ပြည်ပထွက်လာခဲ့တဲ့ အကြွေးကအခုထိမကျေသေးဘူးနော်။ အဖေကနဲနဲပဲကျန်တော့တာပါ ပြောတာပဲ။
ဒီလိုပေါ့လေ ..........ကျွန်တော်ဟာ လောဘတွေ၊ မာနတွေ၊ အတ္တတွေကြားမှာ အရမ်းပင်ပန်းလွန်းပါတယ်။ ကျွန်တော်တို့ တစ်တွေပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ခဲ့ရတဲ့အရာတွေကို ကြွားဝါလိုခြင်း မရှိပေမဲ့လည်း တစ်ခါတစ်လေကြတော့ ......သြော်.... ဒီလိုလေးတွေဟာ ငါတို့ကြိုးစားခဲ့ရတဲ့ အသီးအပွင့်ပါလားလို့တော့ ကြည့်ပြီး စိတ်ဖြေ အပန်းဖြေ ချင်ပါသေးရဲ့။ ဒါပေမယ့် ကျနော် စိုးရိမ်မိတယ်။ တကယ်လို့ " နယ်တော့်သခင် ကိုယ်တော်ရှင် " ( ဦးလှဆွေ ) သာ ရွာရောက်လာပြီး
တကယ့်လက်တွေ့ပြည်သူတွေဘဝကိုနားမလည်ပဲ ဓာတ်ပုံတွေရိုက် ဒါတွေဟာ အစိုးရကြောင့် တိုးတက်လာခဲ့တာပါဆိုပီး ဖောဖော သောသော သူ့ထုံးစံတိုင်း စတေးတပ်တွေတင် လေညှင်းခံပီး ဖွနေရင်တော့ ကျွန်တော်တို့လို ပြည်ပရောက် ဖက်ခွက်စား ပြည့်ရင်သွေးတွေဟာ ရှေ့ဆက် ပြည်ပတွေမှာ ကျွန်ဆက်ခံ အလုပ်လုပ်ဖို့ ခွန်အားတွေ ရှိပါဦးမလားဗျာ။
Credit ; ပုံတောင် ပွကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment